ဈေးကွက်ဈေးနှုန်း

ရေသွင်းမိုးနှမ်း အဝင်လှိုင်၍ စျေးကျသွားသော နှမ်း ဖြူ/နီ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ယခုအပတ်တွင် နှမ်းမျိုးစုံ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ ရေသွင်းနှမ်းနှင့် မိုးနှမ်းတွဲ၍ ဝင်ရောက်လာပြီး အရည်အသွေးနှင့် ၀ယ်လိုအားကြောင့်  နှမ်းဖြူ/ နှမ်းဖြူ(ရေသွင်း)/နှမ်းနီတို့ စျေးကျသွားပါသည်။ ယခင်အပတ်တွင် နှမ်းဖြူ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် ထိပ်စ (၁၇၂၀၀၀)ကျပ်၊ နှမ်းဖြူ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် အောက်စ (၁၆၅၀၀၀)ကျပ်၊ နှမ်းဖြူရေသွင်း ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် ထိပ်စ (၁၆၈၀၀၀)ကျပ်၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် အောက်စ (၁၆၅၀၀၀)ကျပ်၊ နှမ်းနီ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ် စျေးတို့ဖြင့်  ယခင်အပတ်က အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ယခုအပတ်တွင် ရေသွင်းနှမ်းနှင့် မိုးနှမ်းများ ဝင်ရောက်မှုများပြားလာပြီး အရည်အသွေးနှင့် ဝယ်လို အားကြောင့် နှမ်းစျေးများ ကျဆင်းသွားရာ နှမ်းဖြူ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် ထိပ်စ (၁၆၅၀၀၀)ကျပ်၊ နှမ်းဖြူ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် အောက်စ (၁၅၈၀၀၀)ကျပ်၊ နှမ်းဖြူရေသွင်း ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် ထိပ်စ (၁၆၀၀၀၀)ကျပ်၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် အောက်စ (၁၅၅၀၀၀)ကျပ်၊ နှမ်းနီ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၁၅၈၀၀၀)ကျပ် စျေးတို့ဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှမ်းဖြူ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် ထိပ်စ (၇၀၀၀)ကျပ်၊ နှမ်းဖြူ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် အောက်စ (၇၀၀၀)ကျပ်၊ နှမ်းဖြူရေသွင်း ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် ထိပ်စ (၈၀၀၀)ကျပ်၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် အောက်စ (၁၀၀၀၀)ကျပ်၊ နှမ်းနီ ၄၅ ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၂၀၀၀)ကျပ်စီ စျေးကျကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

 

လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)